ဦးဝင်းချိုရဲ့ အလုပ်သမားကူညီရေး ရပ်နားထား
2016.08.04
လှိုင်သာယာမြို့နယ်အတွင်းက စက်ရုံအလုပ်ရုံအလုပ်သမားတွေအတွက် “ဘဝအဟာရ” နံမည်နဲ့ ဈေးချိုပြီး အဟာရအပြည့်ပါတဲ့ ဟင်းလျာလေးတွေ ချက်ရောင်းပေးနေတဲ့ ဦးဝင်းချိုရဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝအစီအစဉ်ကြောင့် အလုပ်သမားလောကမှာ အတော်အကျိုးများခဲ့ပါတယ်။ လောလောဆယ်မှာတော့ စက်ရုံအလုပ်ရုံတွေ၊ အလုပ်သမားအဖွဲ့တွေနဲ့ ချိတ်ဆက်မှုအားနည်းပြီး ခေတ္တရပ်နား ထားရပါတယ်။ ဦးဝင်းချိုကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။