ကပ်ဘေးကာလမှာ ဆေးရုံ၊ ဆေးခန်းထွက် အမှိုက်တွေ ပိုများလာ

ဝေမာထွန်း
2020.06.05

ရန်ကုန်မြို့တွင်းက စားသောက်ဆိုင် တော်တော်များများ ပိတ်ထားပြီး မြို့နေလူထု နေအိမ်တွေထဲမှာသာ နေခဲ့တဲ့ ပြီးခဲ့တဲ့ လတွေအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်း ဆည်းခဲ့ရမှုဟာ အရင်ကထက် တစ်နေ့တန်ချိန် ၂၀၀ ခန့်လျော့ကျခဲ့ပါတယ်။

ကပ်ရောဂါကာလမှာ ရန်ကုန်စည်ပင်အနေနဲ့ ဆေးရုံ၊ ဆေးခန်းတွေက အမှိုက်တွေကို ဝန်ထမ်းအင် အား ၁၄၀ ခန့်သုံးပြီး သိမ်းဆည်းတာ၊ မီးရှို့ဖျတ်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင် ကို RFA သတင်းထောက် မဝေမာထွန်း တွေ့ဆုံမေးမြန်းထား ပါတယ်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။