ကပ်ဘေးကြောင့် ခက်ခဲနေတဲ့ တီးတိန်က လိမ္မော်စိုက်တောင်သူများ
ဆလိုင်းကေတီဟောက်ခိုင်
2020.11.20
2020.11.20
စိုက်ပျိုးထားတဲ့အသီးတွေကို ခရီးသွားတွေလာတဲ့အခါ ရောင်းချလို့ရတဲ့ ဝင်ငွေနဲ့ စားသောက်နေထိုင်ရေး ဖြေရှင်းနေတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့က လိမ္မော်သီးစိုက်တောင်သူတွေဟာ ကပ်ရောဂါဘေးကြောင့် ခရီးသည် နည်းနေတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
နှစ်ကုန်ပိုင်း လိမ္မော်သီးရာသီချိန် ရောက်လာပေမယ့် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က လိမ္မော်စိုက်တောင်သူတွေ ဝမ်းမသာနိုင်ကြပါဘူး။ တောင်သူတိုင်းလိုလို လိမ္မော်ကို တနိုင်တပိုင် စိုက်ပျိုးကြပြီး ခါတိုင်းနှစ်တွေမှာ ခရီးသွားဧည့်သည်တွေကို ရောင်းချနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဝယ်ယူအားပေးမယ့် ခရီးသည်တွေ ရှိမနေပါဘူး။
ခရီးသွားလာမှု ပုံမှန်ရှိစဉ်အချိန်က ဆယ်လုံးပါတဲ့ လိမ္မော်သီးတစ်ထုပ် ရောင်းထွက်ဖို့ မခက်ခဲခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ထားတာကြောင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီလို့ ကလေး-တီးတိန် ကားလမ်းဘေး ဆူဇန်ရွာက တောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ထန်ကျိန့်က ပြောပါတယ်။
“ဒီနှစ်တော့ မတ်လတုန်းကနေစပြီးတော့ ကလေးမြို့ နဲ့ တီးတိန်မြို့ တွေမှာ ကိုဗစ်ရောဂါရှိလို့ လမ်းတွေ ပိတ်ထားတယ်။ အခုဆိုရင်လည်း လမ်းပိတ်တုန်းဆိုတော့ ကားတွေကတော့ တစ်ကား နှစ်ကားလောက်ပဲလာတယ်။ တစ်နေ့မှာ ဒီဆိုင်မှာ ကားရပ်တာက တစ်စီး နှစ်စီးလောက်ပဲ ရပ်တယ်။ အဲဒါတောင်မှ ကားဆရာပဲပါတယ် ဆိုတော့ လိမ္မော်သီးတွေက အရင်တုန်းလောက် ရောင်းမထွက်တော့ဘူး။ တစ်နေ့မှာ လိမ္မော် တစ်ထုပ်ရောင်းရဖို့က အရမ်းခက်ခဲပါတယ်။ အရင်နှစ်တွေနဲ့ အရမ်းကွာပါတယ်။ ဈေးနှုန်းက ဖောက်သည်ယူတာလည်း လျှော့ယူကြတယ်။ ရောင်းတဲ့အခါမှာလည်း လျှော့ရောင်းရတယ်”
တီးတိန် - ကလေး ကားလမ်းဘေးက ဆူဇန်ကျေးရွာနဲ့ အနီးတဝိုက်ကျေးရွာတွေက ထွက်ရှိတဲ့ ရာသီပေါ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အဓိကအားဖြင့် ခရီးသွားတွေကို ရောင်းချတာဖြစ်သလို ကလေးမြို့၊ တမူးမြို့တို့ကိုလည်း တင်ပို့ခဲ့ကြပါတယ်။
“မုန်ညှင်း၊ သစ်ခရမ်းချဉ်သီး၊ ထောပတ်သီးတွေကိုလည်း ရောင်းရဖို့ အရမ်းခက်နေပါတယ်။ အရင်နှစ်တွေနဲ့ အများကြီး ကွာပါတယ်”
ခါတိုင်းတော့ အိန္ဒိယ-မြန်မာနယ်စပ်က အသည်းပုံ ရိဒ်ရေကန်ကို လာရောက်တဲ့ အနယ်နယ်အရပ်ရပ်က ခရီးသည်တွေ၊ အနီးဝန်းကျင် လိမ္မော်စိုက်ပျိုးမှုနည်းပါးတဲ့ ချင်းတိုင်းရင်းသား ဒေသခံ ခရီးသွားတွေကို အားကိုးခဲ့ကြတာပါ။
ခရီးသွားလုပ်ငန်း ရပ်ဆိုင်းသွားတဲ့အတွက် ဈေးနှုန်းကို ထက်ဝက်ချလိုက်ရတယ်လို့ လိမ္မော်သီးရောင်းတဲ့ ဒေါ်ထန်ကျိန့်က RFA ကိုပြောပါတယ်။
“အရင်နှစ်တွေဆိုရင် တစ်ထုတ်ကို သုံးထောင်လောက် ရောင်းရတယ် အခုတော့ ၁၅၀၀ လောက်နဲ့ပဲ ရောင်းတယ်။ တစ်နေ့မှာ တစ်သောင်းရဖို့က ခက်တယ်။ အရင်နှစ်တွေ မှာတော့ တစ်နေ့ကို ခုနှစ်သောင်းလောက်ရတယ်။ အခုတော့ လိမ္မော်သီးတွေ ရောင်းမထွက်တာဖြစ်တယ်”
မြို့အဝင်အထွက်တွေမှာ ကားမောင်းသူတွေကို ကိုဗစ် ၁၉ စစ်ဆေးရတာ၊ အသွားအလာအကန့်အသတ်တွေရှိတဲ့ ဒီနေ့ကာလမှာ ကုန်တင်ကားတွေလည်း သွားလာမှု နည်းနေပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း အတည်ပြုလူနာတွေ အတွေ့များနေတာကြောင့် လိမ္မော်သီးနဲ့ တခြားဟင်းသီးဟင်းရွက်တွေ တခြားမြို့တွေကို တင်ပို့မှုလည်း ထိခိုက်လာတယ်လို့ တောင်သူတဦးဖြစ်တဲ့ ပေါင်ချန်မုန့်က ပြောပါတယ်။
“ဒီနှစ်က ကိုဗစ်ရောဂါတွေနဲ့ဆိုတော့ သိပ်ရောင်းမရဘူး။ အိမ်မှာ ကိုယ်နိုင်သလောက် စိုက်ထားတဲ့ နည်းနည်းတောင်မှ အခု ရောင်းမယ့်နေရာ မရှိဘူး။ မနှစ်တုန်းကဆို ရှိသလောက် ဖောက်သည် သွင်းရင်ရတယ်။ အခုတော့ ဖောက်သည် သွင်းဖို့တောင် လက်မခံတော့ဘူး။ အတင်း ရောင်းနေရတယ်။ ဝင်ငွေအရလည်း နည်းတာပေါ့”
လိမ္မော်စိုက်တောင်သူတွေဟာ ယာမြေပိုင်ဆိုင်မှုရှိတာကြောင့် အစိုးရကပေးတဲ့ ကိုဗစ်ထောက်ပံ့ကြေး မရကြပါဘူး။ ကျေးရွာတချို့မှာတော့ ရွာရှိ အိမ်ထောင်စုအရေအတွက်အတိုင်း ထောက်ပံ့သင့်သူစာရင်း တင်ပြပေးတာကြောင့် တချို့ လိမ္မော်စိုက်တောင်သူတွေ ထောက်ပံ့ကြေးရကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးဖို့ ရှိ၊ မရှိ ချင်းပြည်နယ် အစိုးရကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ ကပ်ဘေးကာလ ဆက်လက် ကြာရှည်ဦးမယ် ဆိုတာကိုတော့ ဒေသခံ အများအပြား သိရှိကြတဲ့အတွက် ဒေသရဲ့ ထင်ရှား၊ အရောင်းသွက်တဲ့ ထွက်ကုန်တမျိုးဖြစ်တဲ့ နွားနောက်သားခြောက် ထုတ်လုပ်မှုကိုလည်း လျှော့ချနေရပါတယ်။ အခက်တွေ့နေတဲ့ အခြေအနေကနေ ပိုမို အဆင်ပြေစေရေးနည်းလမ်းတွေ ပေါ်ပေါက်ရေးအတွက် ပြည်နယ်အစိုးရ စီစဉ်ပေးမှာကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။