AA ဖမ်းဆီးခေါ်ဆောင်မှုထဲ လွှတ်တော်အမတ် ပါဝင်လာ
2019.11.04
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ နိုင်ငံခြားသား တချို့၊ စကားပြန်နဲ့ မော်တော်မောင်းသူတွေကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အိန္ဒိယနိုင်ငံသားတွေ အပါအဝင် ကိုးဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဦးဝှေ့တင်းကိုတော့ ဆက်လက် ဖမ်းဆီးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အမတ် ဦးဝှေ့တင်းကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ် တချို့က ဝေဖန်ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။