တန်ဖိုးနည်းအိမ်ယာတွေအကြောင်း
2016.12.15
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မနေ့က တွေ့ဆုံခဲ့ကြပါတယ်။ မကြာခင်ဆောက်လုပ်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ တန်ဖိုးနည်းအိမ်ယာစီမံကိန်းတွေမှာ ပူူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးရှိန်ဝင်းက ပြောပါတယ်။ ဦးရှိန်ဝင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။