ဝါရှင်တန်ဒီစီမှာ မြန်မာတွေ ဆန္ဒပြ

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.03.06

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မြန်မာတွေစုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း မတ်လ ၆ ရက်နေ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်သမ္မတအနေနဲ့ မြန်မာနိုင်ငံ အကူအညီပေးဖို့၊ ကုလသမဂ္ဂ UN အနေနဲ့ “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ အဓိကထားတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။