အမျိုးသားပညာဥပဒေပြင်ဆင်ချက်မူကြမ်း
2015.04.08
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ (မူကြမ်း) ကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲဖို့ဆိုတဲ့အချက်ကို ထည့်သွင်းအတည်ပြုလိုက်တာ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။