ကြားဖြတ်ရွေးကောက်ပွဲနှင့် ချောင်းဆုံမြို့နယ်
2017.02.08
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ရဲ့တစ်ခုတည်းသော လစ်လပ် မဲဆန္ဒနယ်ဖြစ်တဲ့ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ပါတီ ၅ ခုက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
မဲဆွယ်စည်းရုံးရေးကာလဖြစ်တာနဲ့အညီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးနေကြသလို အဲဒီမဲဆန္ဒနယ်က ဒေသခံတွေကလည်း ရွေးကောက်ပွဲမှာ မဲပေးဖို့စိတ်ဝင်စားနေကြပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က တင်ပြထားပါတယ်။