"မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် သုံးသပ်ခြင်း"
2018.04.07
ဧပြီလ ၇ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးမယ့်သူတွေက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ တွဲဖက် အတွင်းရေးမှူး (၂) မော်ဒေးမြာ ၊ UNITY ဂျာနယ်ရဲ့ အယ်ဒီတာချုပ်နဲ့ CEO ဦးတင်ဆန်းနဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်း ကိုထက်အောင်လင်း တို့ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးလိုသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၄၅၃၆၄၄၀၂၅ နဲ့ ၀၉ ၄၅၃၆၄၄၀၂၆ တို့ကို ဆက်သွယ်နိုင်ပါတယ်။