တရုတ်ပြည်က မသန့်ရှင်းသော စားသုံးဆီတချို့
2013.11.01
တရုတ်ပြည်က စားသုံးဆီတချို့ဟာ လမ်းဘေးမြောင်းထဲက အညစ်အကြေးတွေကို ပြန်လည်စစ်ထုတ်ပြုပြင်ပြီး စားသောက်ဆိုင်တွေကို ဈေးပေါပေါနဲ့ ရောင်းချထားတာဖြစ်ကြောင်း အများပြည်သူတွေ ခရီးသွားတွေ သတိထားနိုင်အောင် RFA တရုတ်ဌာန သတင်းထောက်တွေက ရိုက်ကူးပြသထားပါတယ်။ ပြင်ပစားသောက်ဆိုင်တွေမှာ အစားအသောက်ဝယ်စားဖို့တောင် မသတီစရာဖြစ်နေပြီလို့ ဒီဗီဒီယိုသတင်းကို Washington Post သတင်းစာကြီးကလဲ ကူးယူဖေါ်ပြခဲ့ပါတယ်။