အခြေခံဥပဒေပြင်ဆင်ရေး- လွိုင်ကော်
2014.06.03
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်းပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရှင်းလင်းဟောပြောပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ဟောပြောပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီး၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ ဟောပြောပွဲ တက်ရောက်လာသူတချို့ကို မေးမြန်းပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။