တိုင်းရင်းသား ၁၃၅ မျိုး ရှိမရှိ


2017.12.01

မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင်ထုတ်ပြန်ထားတဲ့ "တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး" ရှိမရှိအငြင်းပွားနေတဲ့ ကိစ္စကို လွှတ်တော်ကိုတင်ပြပြီး အတည်ပြု ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ သန်းခေါင်စာရင်းနည်းပညာရပ်ဆိုင်ရာ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ ဆွေးနွေးပွဲအပြီးမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီက အခုလို ပြောခဲ့တာပါ။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။