ကိုရိုနာကို ကာကွယ်နိုင်တဲ့ နည်းလမ်း ခြောက်ခု


2020.03.03

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပြုထုတ်ပြန်ထားတဲ့ ကိုဗစ်နိုင်တင်း (Covid-19) ခေါ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းကနေ ကာကွယ်နိုင်တဲ့နည်းလမ်း ခြောက်ခုကို RFA က တင်ဆက်ပေးသွားပါမယ်။

နံပါတ် တစ်အချက်ကတော့ အပြင်ကို သွားပြီးတဲ့အခါတိုင်း လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ဖြစ်ဖြစ်၊ အရက်ပျံဓာတ်ပါတဲ့ လက်သန့်ဆေး (hand sanitizer) ဖြစ်ဖြစ် သုံးပေးပါ။

နံပါတ် နှစ်အချက်က နှာစေး၊ ချောင်းဆိုးတဲ့အခါ တစ်ရှုး ဒါမှမဟုတ် တံတောင်ဆစ်ကွေးပြီးတော့ နှာခေါင်းနဲ့ ပါးစပ်ဖုံးအုပ်ပြီးဆိုးပါ။ အသုံးပြုပြီးသား တစ်ရှုးတွေကို နီးစပ်ရာအမှိုက်ပုံးမှာ စွန့်ပစ်ပါ။ ပြီးရင်လက်ကိုစင်ကြယ်အောင် ဆေးကြောပါ။

နံပါတ် သုံးအချက်ကတော့ လူထူထပ်တဲ့၊ နီးကပ်တဲ့နေရာမျိုးကို ဆင်ခြင်ပါ။ အထူးသဖြင့် ဖျားနာတဲ့သူနဲ့ဆိုရင် အနည်းဆုံး သုံးပေခန့် အကွာအဝေးမှာနေပါ။

နံပါတ် လေးအချက်ကတော့ အပြင်ကလာတဲ့အခါ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို လက်နဲ့ပွတ်သတ်တာမျိုးကို မပြုလုပ်ပါနဲ့။

နံပါတ် ငါးအချက်ကတော့ တကယ်လို့ ကိုယ်ကိုယ်တိုင်က ဖျားနာနေတာပဲဖြစ်ဖြစ်၊ တခြားလူတစ်ယောက်က ဖျားနာတာကို ပြုစုပေးရတာပဲဖြစ်ဖြစ်၊ ဆေးရုံကိုသွားရတာပဲဖြစ်ဖြစ်၊ နှာခေါင်းစည်း တပ်ဆင်ပါ။

နံံပါတ် ခြောက်အချက်ကတော့ ကိုယ်တိုင်နေမကောင်းဖြစ်နေရင် အိမ်မှာပဲနေပါ။ အပြင်ကို မသွားပါနဲ့။ တကယ်လို့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ အသက်ရှုကြပ်တာဆိုလို့ရှိရင် နီးစပ်ရာဆေးရုံမှာ ဆေးကုသမှုခံယူပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။