တရုတ်-မြန်မာနယ်စပ် ကိုရိုနာဗိုင်းရပ်စ် တားဆီးမှုအခြေအနေ
2020.01.28
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပျံ့နှံ့လာမယ့်အရေးကို တားဆီးဖို့အတွက် တရုတ်-မြန်မာနယ်စပ် မူဆယ်စစ်ဆေးရေးဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေကို ကျန်းမာရေးဝန်ထမ်းတွေ မြို့ခံပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး၊ မူဆယ်ခရိုင်အတွင်းက တရုတ်ဘက်ခြမ်း ဝင်ပေါက်ထွက်ပေါက်တွေကို မြန်မာဘက်က ပိတ်ဖို့အစီအစဉ်မရှိဘူးလို့ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
RFA သတင်းထောက် ကိုကံသာက မူဆယ်မြို့ကနေ သတင်းပေးပို့ထားပါတယ်။