ဧရာဝတီတိုင်းကို မုန်တိုင်းသက်ရောက်မှုများနိုင်

2022.03.20
ဧရာဝတီတိုင်းကို မုန်တိုင်းသက်ရောက်မှုများနိုင် ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က နာဂစ်မုန်တိုင်းဒဏ်ကိုခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မော်လမြိုင်ကျွန်းက ဒေသခံတွေ အစားအသောက်အထောက်အပံ့တွေ စောင့်ဆိုင်းနေခဲ့စဉ်။
Photo:AFP

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာနိုင်ငံကို ဦးတည်နေပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းက လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ ပြင်စလူ၊ ဟင်္သာတ၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးမြို့တွေကို မုန်တိုင်းသက်ရောက်မှု များနိုင်လို့ သတိထားရမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားပါတယ်။

မုန်တိုင်းအခြေအနေနဲ့ပတ်သက်ပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးလှထွန်း ပြောပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။