ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဆင်ဆာမတင်ဘဲ ဖျော်ဖြေမည်
2019.04.10
အခုနှစ်သြင်္ကန်ဟာ NLD အစိုးရလက်ထက်မှာ ၃ နှစ်မြောက် သြင်္ကန်ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်တွေရဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကတော့ လက်ရှိ NLD အစိုးရရဲ့ သံချပ်စာသားတွေ ကြိုတင်စိစစ်ခွင့်ပြုချက် ရယူရမယ်ဆိုတဲ့အပေါ် လုံးဝကန့်ကွက်ပြီး အရင်နှစ်တွေအတိုင်း ဆင်ဆာမတင်ဘဲ လှည့်လည်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။