ထားဝယ်မှာ ဆိုင်ကယ်တစ်စီးကို စစ်တပ် ပစ်ခတ်၊ ကျည်ထိမှန်သူကို ကားပေါ်တင်သွား
2021.03.27
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အ.ထ.က (၃) အရှေ့မှာ ဒီနေ့ မတ်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲက ဖြတ်လာတဲ့ ဆိုင်ကယ်တစ်စီးကို ကားပေါ်ကနေ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တာပါ။ ကျည်ထိမှန်သွားသူတစ်ဦးကိုလည်း ကားပေါ် ဆွဲတင်သွားတာ တွေ့မြင်ရပါတယ်။