ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးများ
2018.04.05
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁ဝ သန်းနီးပါးနဲ့၊ “အိုက်စ်” မူးယစ်ဆေးဝါး ၈ ရာ ကီလိုဂရမ်လောက် ဖမ်းဆီးမိခဲ့ပါတယ်။ ဒီမူးယစ်ဆေးတွေဟာ ထိုင်း-မြန်မာ-လာအိုနယ်စပ် ရွှေတြိဂံဒေသက ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အသေးစိတ်ကို RFA ဝိုင်းတော်သား ကိုဂျေ တင်ပြထားပါတယ်။