အမျိုးသားပညာရေးဥပဒေသပိတ် တစ်နှစ်ပြည့်
2016.01.21
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ သပိတ်မှောက် ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- အထက်မြန်မာပြည် ဗကသ ကျောင်းသားတွေ ဦးဆောင်ပြီး မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။