မြောက်ဥက္ကလာမှာ ပစ်သတ်ခံရသူ သုံးဦး ဈာပန
2021.03.05
မတ်လ ၃ ရက်နေ့က ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း စစ်တပ်နဲ့ ရဲတို့ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားရတဲ့ ကိုဖိုးချစ် (၂၈ နှစ်)၊ ကိုအာကာမိုး (၂၅ နှစ်)၊ ကိုဇွဲထက်စိုး (၂၆ နှစ်) တို့ရဲ့ နာရေးအခမ်းအနားတွေကို ဒီကနေ့မှာ ရန်ကုန် ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။