ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်
2021.03.22
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီကနေ့ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ နေအိမ်တွေတော်တော်များများ မီးလောင်ဆုံးရှုံးခဲ့ပြီး ကျန်းမာရေး ကုသပေးတဲ့ ဌာနတွေလည်း မီးထဲပါသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ ဂလူသားချင်းစာနာထောက်ထားမှုအဖွဲ့က ပြောပါတယ်။
ဘယ်လို မီးစတင်လောင်ကျွမ်းလဲဆိုတာနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။