ပထမဆုံးမဲဆန္ဒရှင်တွေရဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် သဘောထား
2021.03.05
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပထမဆုံးမဲထည့်ခွင့်ရခဲ့တဲ့ မဲဆန္ဒရှင်တွေက သူတို့ရဲ့မဲရလဒ်တွေ အရာမထင်ခဲ့တာ၊ ဒီမိုကရေစီဖော်ဆောင်ရေးကို နောက်ပြန်ဆွဲပြီး အာဏာသိမ်းတာတွေကို လက်မခံလို့ စစ်ကောင်စီကို ဆက်လက်ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း ဆန္ဒပြသူတွေကို မတ်လ ၃ ရက်နေ့က စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းလို့ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေ၊ ဖမ်းဆီးခံရသူတွေရှိခဲ့ပေမယ့် မတ်လ ၅ ရက်နေ့ ဒီနေ့ထိ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက ဆက်ရှိနေပါတယ်။