ဒုက္ခသည်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ
2014.06.04
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ဂီတနဲ့ဖျော်ဖြေပြီး ရန်ပုံငွေ ရှာဖွေနေတဲ့ "လွတ်လပ်ငြိမ်းချမ်း-ပန်းရဲ့လမ်း" လူမှုကွန်ရက်အဖွဲ့၊ "ရွှေသံစဉ်" ဂီတဖောင်ဒေးရှင်းနဲ့ The Action Time ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ဇွန်လ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ စစ်ကိုင်းနဲ့ မန္တလေးမြို့တွေက လဘက်ရည်ဆိုင်တွေမှာ ဖျော်ဖြေခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။