မကြယ်စင်(၁၉ နှစ်) နာရေး

2021.03.04

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အကြမ်းဖက် ပစ်ခတ်ခဲ့တာကြောင့် ၂၀၂၁ မတ် ၃ ရက်နေ့က လမ်း ၈၄ လမ်း ၃၀ ဖြစ်စဉ်မှာ နေရာမှာတင် သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မကြယ်စင်ရဲ့ နာရေးအခမ်းအနားကို မန္တလေးမြို့ လမ်း ၈၀ ယူနန်ဗုဒ္ဓဘာသာကျောင်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

နာရေးအခမ်းအနားကို လာရောက်သူ သောင်းချီရှိခဲ့ပြီး မကြယ်စင်အတွက် ဂုဏ်ပြုပန်းစည်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် လက်ဆောင်ပန်းစည်းတွေဟာလည်း ကားတစ်စီးအပြည့်ဖြစ်တာ တွေ့ရပါတယ်။ မကြယ်စင်ရဲ့ ရုပ်အလောင်းကို အေးရိပ်ငြိမ်းသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။