ရန်ကုန်တိုင်း လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ
2017.02.08
ရန်ကုန်တိုင်းလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ လူမှုရေးနဲ့ စီမံခန့်ခွဲရေးကော်မတီကို တိုင်စာ ၁၂၅ စောင် ရရှိထားပြီး အစောင် ၁၁ဝ ကို ဖြေရှင်းပြီးဖြစ်တယ် လို့ ကော်မတီဥက္ကဋ္ဌ ဦးသာအောင်က ပြောပါတယ်။ အများပြည်သူပိုင် မြေနေရာတွေကို ကျူးကျော်ပြီး ဈေးဆိုင်တွေ အဆောက်အဦးတွေ ဆောက်လုပ်ထား တာတွေနဲ့ပတ်သက်လို့ တိုင်ကြားတဲ့စာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ကမာရွတ်မြို့နယ်နဲ့ အလုံမြို့နယ်တွေကို ဒီကနေ့ သွားရောက် စစ်ဆေးခဲ့တဲ့ လူမှုရေးနဲ့ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးသာအောင် ကို RFA သတင်းထောက် ကိုအောင်သိင်္ခက တွေ့ဆုံ မေးမြန်းထားပါတယ်။