ထောင်ဒဏ်ချမှတ်ခံရသူတွေ ပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမှာ ဆန္ဒပြ
ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး တွဲလက်များဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးကနေ ထွက်ခွာလာတဲ့ ငြိမ်းချမ်းရေးသင်္ဘောဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိတာဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားပါတယ်။
ငြိမ်းချမ်းရေးတွဲလက်များ မြစ်ဧရာမှာ ထပ်ဆင့်ပွားဆိုတဲ့ ခေါင်းစဉ် မန္တလေးကနေ စတင်ထွက်ခွာတဲ့ သဘောၤဟာ မြို့ပေါင်း ၂၆ မြို့ကို ဖြတ်သန်းလာပြီး ရန်ကုန်ကို ဒီကနေ့ ဆိုက်ရောက်ထာပါ။ သူတို့ လာခဲ့တဲ့ ဧရာဝတီဖြစ်ကြောင်း တလျောက် မြိ့နယ်တွေကို ဝင်ရောက်ပြီး ငြိမ်းချမ်းရေး ဟောပြောပွဲတွေ၊ ငြိမ်းချမ်းရေးစကားဝိုင်းတွေ တောက်လျောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲလို ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ ခဝဲခြံ မျက်မမြင်ကျောင်းက ကျောင်းအုပ်ကြီး ဦးသိန်းလွင်က ရှင်းပြပါတယ်။
အဲဒီသဘောၤပေါ်မှာ သုံးရောင်ချယ်အဖွဲ့က ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့တွေ စုပေါင်းပြီး ငြိမ်းချမ်းရေးရရှိဖို့ လုပ်ရှားမှုအနေနဲ့ ဧရာဝတီမြစ်ကြောင်း တလျောက်မှာရှိတဲ့ မြို့ရွာတွေကို ဝင်ရောက်ပြီး ငြိမ်းချမ်းရေးအတွက် စကားဝိုင်းတွေ ဟောပြောတာတွေပြုလုပ်ထာပါ။ ဒီနေ့ ရန်ကုန်မြို့ ပန်းဆိုးတန်းက ကျန်းမာရေး ဆိပ်ကမ်းမှာ အဲဒီငြိမ်းချမ်းရေး သဘောၤဆိုက်ပြီး ခရီးစဉ် ပြီးဆုံးတာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ ငြိမ်းချမ်းရေး ရရှိဖို့ ပြည်သူတွေ နှိုးကြားကြောင်းကို ပြတာဖြစ်တယ်လို့လည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
ငြိမ်းချမ်းရေး လှုပ်ရှားမှုတခုအနေနဲ့ ဒီနေ့ ဆိုက်ရောက်တဲ့ ငြိမ်းချမ်းရေး သဘောၤပေါ်ကလူတွေနဲ့ သွားရောက် ကြိုဆိုတဲ့ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားလူငယ်တွေ စုပေါင်းပြီး ပန်းဆိုးတန်းကနေ မြို့တော်ခန်းမထိ လမ်းလျောက်ကာ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ဖို့ ဆုတောင်း ကြပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေး စကားဝိုင်းကိုလည်း ဗိုလ်တထောင်မြို့နယ်က အထက ၄ ဗိုလ်တထောင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ လှုပ်ရှားမှုကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လည်း ပါဝင်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးရရှိဖို့ လူတိုင်းပါဝင်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက ဟောပြောခဲ့ပါတယ်။
ငြိမ်းချမ်းရေးရရှိဖို့ လှုံ့ဆော်စည်းရုံးတဲ့ အနေနဲ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ငြိမ်းချမ်းရေး ဟောပြောပွဲ ဆွေးနွေးပွဲကို ဒီကနေ့ ညနေမှာ ဆက်လက်ပြုလုပ်မှာဖြစ်ပါတယ် ခင်ဗျာ။