ကရင်စစ်ဘေးဒုက္ခသည်တွေ ဗုံးခိုကျင်း တူးနေရ
2021.04.05
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲက KNU ထိန်းချုပ်နယ်မြေမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေ မြန်မာစစ်တပ်ရဲ့ နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုတွေရှိမှာကို စိုးရိမ်ပြီး ကိုယ်တိုင် ဗုံးခိုကျင်းတွေတူးနေကြပါတယ်။
အဲ့ဒီဒေသကို ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၅၀ ကျော် သေဆုံးခဲ့ရပြီး၊ နေအိမ်တွေလည်း မီးလောင်ပျက်စီးကုန်တာကြောင့် ဒေသခံ ၃၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ KNU က ပြောဆိုထားပါတယ်။
ဒါပေမဲ့ ထိုင်းဘက်က လက်မခံဘဲ ပြန်လွတ်ခဲ့တာကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်ရှိလာရင် ခိုလှုံနိုင်အောင် ဒေသခံတွေဟာ ကိုယ့်ဟာကိုယ် ကြိုတင် ဗုံးခိုကျင်းတူးနေကြတာလို့ ဆိုပါတယ်။
ကရင်စစ်ဘေး ဒုက္ခသည်တွေအတွက် စားဝတ်နေရေး အကူအညီလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။