သတင်းထောက် ကိုပါကြီးအတွက် အလှူဒါန
2014.11.04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူ ပေးခဲ့တဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းတွေက အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် အတွက်ရည်စူးပြီး ရန်ကုန်မြို့ သရက်တောကျောင်းတိုက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။ ကိုပါကြီးအတွက် သုံးရောင်ခြယ်အဖွဲ့ဝင်ဟောင်းတွေရဲ့ ဆွမ်းကပ်လှူပွဲအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။