ကျိုက်ထို ပစ်ခတ်မှု တစ်ဦး ပွဲချင်း သေဆုံး
2021.03.27
မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဒီနေ့မနက်က စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ဦးခေါင်းကျည်ထိမှန်သူ တစ်ဦး ပွဲချင်းသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ခြောက်ဦး ကျည်ထိမှန်ခဲ့ပြီး သုံးဦးထက်မနည်း အဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။