ရပ်ကွက်လုံခြုံရေးလမ်းတံခါးတွေ ဖျက်ဆီးခံရ
2021.03.26
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ထဲမှာ ရပ်ကွက်လုံခြုံရေးအတွက် ဒေသခံတွေ တပ်ဆင်ထားတဲ့ လမ်းတံခါးတွေကို စစ်တပ်နဲ့ ရဲတွေက လိုက်လံဖျက်ဆီးနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
တောင်ဥက္ကလာပမြို့နယ်ထဲက ရပ်ကွက်လမ်းကြား တော်တော်များများမှာ စစ်တပ်နဲ့ ရဲတွေ လှည့်လည်သွားလာနေပေမယ့် ဒေသခံတွေကလည်း စစ်တပ်နဲ့ ရဲတွေကိုရှောင်ပြီး ရပ်ကွက်တွင်းလမ်းတွေထဲမှာ ဆန္ဒပြခဲ့ကြပါတယ်။