ရခိုင်ပြည်နယ်ရောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
2013.12.05
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာလ ၃ ရက်၊ မနေ့ညပိုင်းက စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့မိန့်ခွန်းမှာ ပါဝင်တဲ့အချက်တချို့နဲ့၊ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က စုစည်းတင်ပြထားပါတယ်။