တရုတ်ကိုမှီခိုနေရတဲ့ ဖရဲသခွားဈေးကွက်
နန်းထက်ဦး
2020.06.19
2020.06.19
မြန်မာနိုင်ငံက ဖရဲသခွားစိုက်ပျိုးမှုဟာ တရုတ်နိုင်ငံက ဈေးကွက်ကို အဓိကအားကိုးပြီး စိုက်ပျိုးထုတ်လုပ်နေတာပါ။ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံက တင်ပို့တဲ့ ဖရဲသခွားတွေကို တရုတ်နိုင်ငံဘက်က သိသိသာသာလျှော့ချနေတာကြောင့် မြန်မာနိုင်ငံက ဖရဲသခွားတောင်သူတွေတင်မက သီးနှံကုန်သည်တွေပါ စီးပွားရေး အထိနာနေကြပါတယ်။
နောက်နှစ်အထိ ဒီအတိုင်းဆက်သွားမယ်ဆို လုပ်ငန်းတွေဆက်လုပ်ဖို့တောင် မဖြစ်နိုင်တော့မယ့် အခြေအနေ ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။ RFA သတင်းထောက် မနန်းထက်ဦးက တင်ပြထားပါတယ်။