NNER ပညာရေးကွန်ရက် သတင်းစာရှင်းလင်းပွဲ
2014.03.05
နေပြည်တော်မှာ ဒီလမတ် ၅ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် "အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု" ဆိုတဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် "ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး- နိုင်ငံလုံးဆိုင်ရာကွန်ရက်" NNER ကို ဖိတ်ကြားထားပြီးခါမှ အစိုးရက ငြင်းပယ်ခဲ့တာနဲ့ ပတ်သက်ပြီး NNER အဖွဲ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အသောကကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။