ခရီးစဉ် ၃။ ဧရာဝတီ မြစ်ဝကျွန်းပေါ်
2013.09.09
ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့ပြီး ၅နှစ်ကြာခဲ့သည်အထိ မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေကို အရင်အတိုင်း ဆင်းရဲတွင်းနက်အောင်ပြုလုပ်သလိုဖြစ်နေတဲ့ မတရားမြေယာသိမ်းဆည်းမှု တွေ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်တွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင် ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဆင်းရဲတွင်းနက်အောင်ပြုလုပ်သလိုဖြစ်နေတဲ့ မတရားမြေယာသိမ်းဆည်းမှု တွေ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်တွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင် ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ကျွန်တော်တို့ရောက်နေတဲ့ သခင်မကြီးရွာကနေ ကပ္ပလီပင်လယ်ရဲ့ရနံ့ကိုရနေရပါတယ်။ အဲဒီနေရာဟာ ကပ္ပလီ ပင်လယ်ကနေ ၅ မိုင်ပဲဝေးပါတယ်။ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဖို့အလွန်ကောင်းသလို အားနည်းချက်တွေရှိပြီး ဘေးမကင်းလှတဲ့ နေရာဖြစ်ပါတယ်။ နာဂစ် မုန်တိုင်းမတိုက်ခင်က ဒီနေရာမှာ လူဦးရေ ၇၀၀ လောက်နေထိုင်ခဲ့ပါ တယ်။ နာဂစ်နောက်ပိုင်းမှာတော့ မုန်တိုင်းရန်ကနေ အသက်ရှင်ကျန်နေသူတွေစုဝေးပြီး ရေတွက်ကြတဲ့အခါ လူ ၇၂ ဦးပျောက်ဆုံးနေပါတော့တယ်။
ဦးလှကြီးဟာ အသက်ရှင်ကျန်နေသူတွေထဲက တစ်ယောက်ပါ။ နာဂစ်စ်မုန်တိုင်းတိုက်ခတ်တဲ့ညမှာ သူဟာ လှိုင်းလုံးကြီးတွေနဲ့အတူ မြစ်ထဲကိုမျောပါသွားခဲ့ပါတယ်။
(ဦးလှကြီး) : ကျွန်တော်လှိုင်းတွေနဲ့အတူပါသွားပြီး ရေထဲမှာကူးရင်း တွေ့သမျှကိုဖမ်းဆွဲဖို့ကြိုးစားခဲ့တယ်။ မြစ်ကမ်းဘေးမှာရှိတဲ့သစ်ပင်တစ်ပင်ပေါ်ကနေ ကျွန်တော့သားရဲ့အဖေ၊ အဖေ လို့ အော်ခေါ်သံကိုကြားရတယ်။ ကျွန်တော်ကလည်း သားရေ၊ သားရေလို့ပြန်ခေါ်ရင်း သူ့အသံကိုပဲ နားစွင့်နေတယ်။ အဲဒီနောက် သူက ကျွန်တော့်ကို သစ်ပင်ပေါ်ကနေ လှမ်းဆွဲထားလိုက်တယ်။
သူနဲ့ သူ့သားဟာ လေတွေမိုးတွေသည်းထန်နေတဲ့ ကြားက ရေထဲမှာ သစ်ငုတ်တစ်ခုကိုတွယ်ပြီး တစ်ညလုံးနေခဲ့ကြရ ပါတယ်။ သူ့မိန်းမနဲ့ သမီးနှစ်ယောက်ကတော့ သေဆုံးသွားခဲ့ပါတယ်။
စပါးခင်းတွေကိုဖျက်ဆီး ပစ်ခဲ့တဲ့ ပင်လယ်ရေထဲက ဆားနဲ့နုန်းမြေတွေဟာ မြစ်ဝကျွန်းပေါ်ရဲ့အသည်းနှလုံးနေရာမှာရှိပြီး လယ်ယာလုပ် ငန်းလုပ်ကိုင်တဲ့ သူတို့ရဲ့ရွာကလေးအပါအဝင် ဒေသတစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပါတယ်။
ကိုမျိုးနိုင်ဟာ လယ်ထွန်နေရာကနေ ကျွန်တော်တို့နဲ့စကားပြောဖို့ ခဏနားလိုက်ပါတယ်။ နာဂစ်ဆိုင်ကလုန်းမုန် တိုင်းဟာ သူ့လယ်တွေကိုလည်းဖျက်ဆီးခဲ့တယ်လို့ သူကပြောပါတယ်။
(မျိုးနိုင်) လယ်တွေက ရေငန်တက်တော့ ပျက်စီးကုန်တယ်။ ကျွန်တော်တို့ကရေချိုဒေသမှာစိုက်တဲ့စပါးဆိုတော့ နာဂစ်နောက်ပိုင်းမှာ စပါးစိုက်ရတာအတော်ဒုက္ခရောက်ကုန်တယ်။ စပါးတွေကစိုက်လိုက်သေသွားလိုက်ပေါ့။ ဒါနဲ့လယ်ထပ်ထွန်တယ်၊ ထပ်ပျိုးတယ်၊ ထပ်သေတာပဲ။
နာဂစ်စ်မဖြစ်ခင်ကဆို ပျိုးပင်တွေဟာ နှစ်ပတ်သားအရွယ်ဆို စိုက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ခုတော့ အရင်က ထက် အချိန်သုံးဆပိုယူနေရပါတယ်။ အဲဒီလိုအချိန်ပေးရတာတောင် နာဂစ်စ်မတိုင်ခင်ကလို ပျိုးပင်တွေက ကောင်းကောင်းမပေါက်ကြပါဘူး။ ကျွန်တော်တို့ဟာ အဲဒီလိုဇာတ်လမ်းတွေကို မြစ်ဝကျွန်းပေါ်နေရာ အနှံ့မှာ ကြားခဲ့ရပါတယ်။
ကိုမျိုးနိုင်ရဲ့ရွာကိုသွားတဲ့ကျွန်တော်တို့ရဲ့ခရီးစဉ်ကနေ နောက်ထပ် ကျွန်တော်တို့ တထောက်နားမယ့်အောင်မြင့်သန်းရွာအထိခရီးစဉ်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတချို့က ဝန်ထမ်းတွေ လိုက်ပါလာခဲ့ပါတယ်။
နာဂစ်စ်မုန်တိုင်းတိုက်ပြီးစရက်တွေအတွင်းမှာ အစိုးရိမ်လွန်တဲ့မြန်မာစစ်အစိုးရတွေက နိုင်ငံတကာကကူညီ ထောက်ပံ့ရေးဝန်ထမ်းတွေကို နိုင်ငံတွင်းဝင်ရောက်ဖို့တားဆီးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အစိုးရကသူတို့ကို ခွင့်ပြုလိုက်ပြီး နိုင်ငံတကာက ကူညီထောက်ပံ့သူအများအပြားဝင်ရောက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မြစ်ဝ ကျွန်းပေါ်ဆီသွားရာလမ်းတလျှောက်မှာ သူတို့ရှိနေတယ်ဆိုတဲ့ အမှတ်အသားတွေကို နေရာအနှံ့တွေ့နေရပါပြီ။ သူတို့တတွေဟာ အောင်မြင့်သန်းရွာမှာ သူတို့ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့အသေးစားငွေချေးလုပ်ငန်းစီမံ ကိန်းကို ကျွန်တော်တို့ကိုပြဖို့ စိတ်အားထက်သန်နေကြပါတယ်။
ကျွန်တော်တို့ကို မြေကြီးပေါ်မှာတန်းစီထိုင် နေတဲ့ အမျိုးသမီးတစ်အုပ်ကို နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့ကိုတွေ့ရဖို့ သူတို့ ထိုင်စောင့်နေတာကြာပြီ ထင်ပါတယ်။ NGO ကတာဝန်ရှိသူက သူတို့ကိုနှုတ်ဆက်တဲ့အခါ သူတို့ကလည်း ညီညီညာညာပြန်နှုတ်ဆက်ကြပါတယ်။ သူတို့က ကျွန်တော်တို့ အဖွဲ့အကြောင်း အမျိုးသမီးအုပ်စုကိုရှင်းပြပါတယ်။ အဲဒီနောက် အမျိုးသမီးတစ်ယောက်ချင်းကိုခေါ်ပြီး ချေးငွေတွေကိုပေးပါတယ်။ လယ်သမားတွေဟာ ခုချိန်ထိ တစ်ခုတည်းသောရွေးချယ်စရာအဖြစ် အသေးစား ငွေချေးလုပ်ငန်းတွေကနေဖြစ်စေ အစိုးရဆီကနေဖြစ်စေ မှောင်ခိုဈေးကွက်မှာပေါက်နေတဲ့ ဒေါ်လာ ဈေးထက် အများကြီး နိမ့်တဲ့ပေါက်ဈေးနဲ့ ငွေချေးယူနိုင်ပါတယ်။
ပုံမှန်ထက်အတိုးနည်းပေမဲ့ ချေးငွေကိုအချိန်မှန်ပြန်ပေးဖို့ကတော့ လယ်သမားတွေအတွက်ခက်ခဲနိုင်ပါတယ်။ ချေးငွေထုတ်ပေးတာကိုကြည့်ပြီးတဲ့နောက် ကျွန်တော်ဟာ NGO တစ်ခုကချေးယူထားတဲ့ငွေကို ပြန်ဆပ်နိုင်ဖို့ ရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်နဲ့ စကားပြောခဲ့ပါတယ်။ ဒါပေမဲ့ ချေးငွေနဲ့ တခြားအထောက်အပံ့တွေ ဟာ သူတို့ကို အနည်းနဲ့အများတော့ အကူအညီဖြစ်စေပါတယ်။
တင်စန္ဒာဝင်းက နာဂစ်စ်မုန်တိုင်းနောက်ပိုင်း သူ့အခြေအနေပြောင်းလဲလာပုံကို ပြောပြပါတယ်။
( မတင်စန္ဒာဝင်း) = ကျွန်မ UN က ချေးငွေယူပြီး စပါးစိုက်တယ်။ စပါးစိုက်လို့ရတဲ့ အမြတ်ငွေနဲ့ ပထမနှစ်မှာ လယ် နှစ်ဧကဝယ်ခဲ့ တယ်။ နောက်တစ်နှစ်မှာ နောက်ထက် နှစ်ဧကနဲ့ နောက်ထပ်တစ်နှစ်မှာ နောက်ထပ်နှစ်ဧက ထပ်ဝယ်နိုင်တယ်။
သူ့မှာ နာဂစ်မဖြစ်ခင်က လယ် ၅ ဧကရှိခဲ့ပါတယ်။ ခုတော့ သူ့မှာ လယ် ၁၇ ဧကရှိနေပါပြီ။
မြစ်ဝကျွန်းပေါ်ကိုများများခရီးသွားလေ ဆင်းရဲသားပြည်သူလူထုဟာ ဘယ်လို အခြေခံအခွင့်အလမ်းတွေရပြီး ဘယ်လိုဟာတွေကို မရဘူးလဲဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေမေးမိလေပါပဲ။ ချေးငွေထုတ်ပေးတာမျိုး ကျန်းမာရေးဆောင့်ရှောက်မှုပေးတာမျိုးတွေပေါ့။
တစ်နာရီလောက်မြစ်ကြောင်းအတိုင်းဆင်းသွားရတဲ့ ဘိုကလေးမြို့က နဒီဆေးခန်းမှာ မနက် ၇နာရီဆိုတာနဲ့ လူတွေပြည့်နေပါပြီ။ အဲဒီဆေးခန်းမှာ အမျိုးသမီးတစ်ဦးဟာ သူ့မြေးမလေးကိုဆေးခန်း ပြဖို့ ၁၁ နာရီကြာညအိပ်ခရီးကိုအချိန်ပေးပြီး လာခဲ့ရပါတယ်။
ဆေးခန်းပိုင်ရှင် ဒေါက်တာရဲဖြိုးကျော်ဟာ ဒီနယ်မှာတော့ အတော်ဆုံးပါပဲလို့ လူတွေကပြောကြပါတယ်။
သူဟာ ကိုယ်ပိုင်ဆေးခန်းမဖွင့်မီက အစိုးရဆေးရုံမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အစိုးရဆေးဆုံဆိုတာကတော့ အလကားကုပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တန်းမှာတော့ လူနာတွေဟာ ဆရာဝန်ခ၊ သူနာပြုခ၊ ကုတင် နေရာခ၊ ဆေးထိုးအပ်ဝယ်ခတွေ ပေးနေရပါတယ်။ ကိုယ်ပိုင်ဆေးခန်းတွေမှာဆေးကုရင်တော့ နည်းနည်းပိုဈေး ကြီးပါတယ်။ ဒါပေမဲ့ ဂရုစိုက်မှုကလည်း ပိုသာပါတယ်။
ကန်စုဝက်မူလတန်းကျောင်းမှာတော့ ကျောင်းသား ၆၀ လောက်ဟာ အခြေခံအင်္ဂလိပ်စကားစုတွေကို သင်ယူ နေကြပါတယ်။ မောင်နေလင်းထက် ဟာ ၅တန်းမှာ ပညာသင်ကြားနေတဲ့ကျောင်းသားလေး တစ်ယောက်ပါ။ သူခုနှစ်တန်းအောင်လို့ ကျောင်းဆက်တက်ချင်တယ်ဆိုရင် အဲဒီရွာကနေ မိနစ် ၃၀ လောက်သွားရမယ့် ကျောင်း အသစ်ကိုသွားရမှာပါ။ အဲဒီကျောင်းက ကျောင်းသားတွေ တစ်ဝက်လောက်သာ ခုနှစ်တန်းအောင်ကြပါတယ်။ သူက သူကျောင်းဆက်တက်ဖို့ သူ့မိသားစုက စီစဉ်နိုင်မယ်လို့ထင်ကြောင်းပြောပါတယ်။ ဒါပေမဲ့ သူဖြစ်ချင်တာ ဖြစ်သည်အထိလိုအပ်တဲ့ ပညာရေးနဲ့ပတ်သက်တဲ့ အပိုကုန်ကျစရိတ်တွေကို သူ့မိသားစုတတ်နိင်ပါ့မလား ဆိုတာကတော့ သူ့အတွက်မသေချာပါဘူး။ တကယ်လို့ သူ့မိဘတွေဟာ (ချေးငွေကို ပုံမှန်ပြန်ဆပ်ဖို့) မတတ်နိုင် ရင်တော့ သူတို့ဟာ မြေယာမဲ့ဘဝကိုရောက်ရမှာပါ။
နာဂစ်စ်မတိုင်ခင်ကတည်းက ဆင်းရဲခဲ့ကြသူတွေဟာ ခုလည်းဆင်းရဲတုန်းပါပဲ။ သူတို့ရဲ့အခြေအနေကိုပြောင်း လဲစေဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အချိန်ယူလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အစိုးရဟာ စိုက်ပျိုးရေးလုပ် ငန်းတိုးတက်ရေးအတွက် ခြေလှမ်းတချို့စတင်နေပါပြီ။ သမိုင်းပညာရှင်နဲ့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးးသန့်မြင့်ဦးကတော့ အဲဒီလောက်နဲ့ မလုံလောက်ဘူးလို့ ေပြောပါတယ်။
(ဦးသန့်မြင့်ဦး) = လုပ်ငန်းမကြွမ်းကျင်တဲ့ အလုပ်သမားတွေနဲ့ နည်းနည်းပဲကျွမ်းကျင်သူတွေအတွက် စားသောက်ကုန်ချောထုတ် လုပ်ရေးလိုဖြစ်စေ၊ သစ်အချောထည်ထုတ်လုပ်ရေးနဲ့ အထည်ချုပ်စက်ရုံတွေလို ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေကို ဖန်တီးပေးဖို့ အရေးကြီးလာပါပြီ။ အဲဒီအတွက်တော့ ပြသနာမရှိပါဘူး။ ဒါပေမယ့် ၅ နှစ် ၁၀နှစ် လောက်တော့ အချိန်ယူရလိမ့်မယ်။ နောက်ပြီး ကျေးလက်ဒေသတွေက ပိုလျှံနေတဲ့လုပ်အားတွေကိုလဲ အကုန် တော့ အသုံးပြုနိုင်မှာမဟုတ်ဘူး။ ဒီတော့ ကျေးလက်ဒေသတွေမှာ ဝင်ငွေရရှိရေးအတွက် အမြန်ဆုံးဆောင် ရွက်ပေးဖို့ လိုနေပါပြီ။
နာဂစ်စ်ရဲ့အရိပ်အငွေ့ကို ဒီကနေ့ ခံစားနေရပါတယ်။ လယ်သမားအများစုဟာ ချေးငွေမပေးနိုင်တော့ရင် သူတို့ လယ်မြေတွေ ငွေချေးသူဆီကို ပြန်အပ်ရမှာဖြစ်ပါတယ်။
မြင့်သိန်းဟာ သူ့ရဲ့ ငါးမွေးမြူရေးလုပ်ငန်းကို ပြန်လည်တည်ထောင်နေသူဖြစ်ပါတယ်။ သူ့ရဲ့အလုပ်သမား ၆ယောက်ထဲက ၅ ယောက်ဟာ နာဂစ်မုန်တိုင်းကြောင့်သေဆုံးသွားရပါတယ်။ သူငယ်ချင်း တစ်ယောက်ဆီက ငွေချေးပြီး လုပ်ငန်းပြန်စတာတောင် သူဟာ သူ့လုပ်ငန်းမှာ အရင်ကလောက်ငွေမမြှုတ်နှံနိုင်တော့ပါဘူး။
မြန်မာနိုင ်င ံရဲ့ သမ္မတအသစ်အဖြစ် ဘယ်သူ့ကိုဖြစ်စေချင်သလဲလို့ သူ့ကိုမေးတဲ့အခါ လူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတလုပ်ဖို့အကြောင်းပဲပြောနေကြတယ်။ တိုင်းပြည်တိုးတက်လာမယ် ဆိုရင်တော့ ဘယ်သူပဲသမ္မတလုပ်လုပ် သူ့အတွက် ကိစ္စမရှိပါဘူးလို့ သူကပြော ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အနောက်ပိုင်းရခိုင်ဒေသမှာဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေကြားက အကြမ်းဖက်မှုတွေဟာ ဘိုကလေးကလူတွေကိုလည်း ဒေါသထွက်စေခဲ့ပါတယ်။
၉၆၉ တံဆိပ်တွေကပ်ထားတဲ့ ဗုဒ္ဓဘာသာပိုင်ဈေးဆိုင်တွေကို နေရာအနှံ့တွေ့ရပါတယ်။ ပလီတွေကိုသွားရင် လည်း လူတွေက မကျေမနပ်ဖြစ်ကြပါတယ်။ မြို့ထဲက ဘုန်းကြီးတွေဟာ မွတ်ဆလင်တွေကို ဆန့်ကျင်တဲ့တရားတွေ ဟောပြောနေကြပါတယ်။ မွတ်ဆလင်ဆိုင်တွေမှာ ဈေးမဝယ်ရေးလှုပ်ရှားမှုတွေကို ဗုဒ္ဓဘာသာလူငယ်တွေဦးဆောင်ပြီး ပြုလုပ်နေကြပါတယ်။
၆-ရက်ကြာခရီးစဉ်မှာ လူတွေဟာ သူတို့ဘဝတွေအကြောင်းကို စိတ်အားထက်သန်စွာနဲ့ ေပြောပြချင်တာ တွေ့ရပြီး အဲဒါဟာ အပြောင်းအလဲရဲ့လက္ခဏာတစ်ခုလို့ ခံစားရစေပါတယ်။ အဲဒီ ၆ရက်အတွင်းမှာ ကျွန်တော်တို့အဖွဲ့ရဲ့ ဦးဆောင်သူထဲကတစ်ယောက်ကို ရဲတပ်ဖွဲ့က မကြာခဏ ဆက်သွယ်ပြီး ကျွန်တော်တို့ ဘယ်ရောက်နေသလဲ၊ ဘာလုပ်နေသလဲ ဆိုတာမျိုး အခြေအနေမေးမြန်းနေတာဟာ ၊ မြန်မြန်ဆန်ဆန်နဲ့တော့ အပြောင်းအလဲဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို သတိပေးလေ့ရှိပါတယ်။
ကျွန်တော့ ဘရုစ် ဝီလီစ်ပါ။ ဂလိုဘယ်လ် ပို့စ်အတွက် သတင်းပေးပို့တာဖြစ်ပါတယ်။