Pen Myanmar ရုံးခန်းဖွင့်ပွဲ
2014.05.30
နိုင်ငံတကာ စာရေးဆရာ ကဗျာဆရာနဲ့ ထုတ်ဝေသူတွေ စုစည်းထားတဲ့ PEN International အဖွဲ့ဝင် Pen Myanmar အဖွဲ့ရဲ့ ရုံးခန်းဖွင့်ပွဲကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ Pen Myanmar အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ရသစာပေ ဖွံ့ဖြိုးတိုးတက်ရေးအပြင် သတင်းမီဒီယာတွေကို စောင့်ကြည့်ပြီး အမုန်းတရား ပွားစေ တဲ့ အရေးအသားတွေကို စောင့်ကြည့်လေ့လာသွားမယ်လို့ ပြောပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။