ရတနာအောင်ကျေးရွာသစ် မြေကွက်အရှုပ်အထွေး
2015.12.18
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ရတနာအောင်ကျေးရွာသစ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဆီကနေ မြေကွက်တွေဝယ်ပြီး နေအိမ်ဆောက်ထားတာတွေဟာ တရားမဝင်ဘူးဆိုပြီး AG အမှတ်တံဆိပ်ပါ ဆင်တူအင်္ကျီဝတ်ထားသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းကစပြီး မြေထိုးစက်တွေနဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။