နှင်ထုတ်ခံရတဲ့ ဒုရဲမှူး မိုးရန်နိုင် မိသားစု


2018.04.21

ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ သက်သေထွက်ဆိုခဲ့တဲ့ ဒုရဲမှူး-မိုးရန်နိုင်ရဲ့ မိသားစုကို နေပြည်တော် ရဲဝန်ထမ်းလိုင်းခန်းကနေ ပြောင်းပေးဖို့ ဧပြီလ ၂၁ ရက်နေ့မနက်မှာ အကြောင်းကြားလာတယ်လို့ ဒုရဲမှူးမိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒုရဲမှူးမိုးရန်နိုင်ဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၆ (ခ) နဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာ ၄ လကျော်နေပြီဖြစ်ပြီး မိသားစုဝင်တွေနဲ့လည်း တေ့ွဆုံခွင့်မရဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒုရဲမှူး မိုးရန်နိုင် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်စေချင်တယ်လို့ ဇနီးဖြစ်သူ ဒေါ်တူးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။