အပိတ်ခံရတဲ့ ကြည့်မြင်တိုင်သမ္ဗာန်ဆိပ်
2014.11.20
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ “ဦးမြငါးစင်လှေဆိပ်” ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ ဆိပ်ခံတံတားစီမံကိန်း နယ်မြေထဲမှာပါတယ်ဆိုပြီး ပိတ်လိုက်တာကြောင့် လှိုင်မြစ်တဘက်ကမ်းကို ကူးပြီး ကျောင်းတက်ရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေက လှေဆိပ် ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။