ရန်ကုန်သြင်္ကန်နဲ့ ထိခိုက်ဒဏ်ရာရမှု


2015.04.17

ရန်ကုန်မြို့က အခုနှစ်သြင်္ကန်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) တို့က လူစည်ကားတဲ့ ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်းတွေမှာ လူနာတင်ယာဉ်တွေနဲ့ အချိန်ပြည့် စောင့်ကြည့်ပြီး ကူညီခဲ့ပါတယ်။

ဧပြီလ ၁၆ ရက်နေ့ သြင်္ကန်အတက်နေ့မှာ ကမ္ဘာအေးဘုရားလမ်း ဆီဒိုးနားဟိုတယ်အနီးက လမ်းဘေးအသားကင် ဆိုင်မှာ ဂက်စ်အိုး ပေါက်ကွဲတဲ့အတွက် လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရန်ကုန်သြင်္ကန်ပွဲတော်အတွင်း ထိခိုက် ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ခရိုင်ဦးစီးမှူး ဦးမောင်မောင်ဦးကို RFA သတင်းထောက် မပြုံးမို့မို့ဇင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။