သတင်းထောက် ကိုဝလုံးရဲ့ဇနီးနဲ့ မေးမြန်းချက်
2017.12.21
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ နဲ့ အမှုဖွင့်ထားတယ်လို့ ၂ဝ၁၇ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သူတို့ ၂ ဦး ဖမ်းဆီးခံရတဲ့နေ့ကပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာ ၈ ရက် ရှိသွားပြီဖြစ်ပါတယ်။ ကိုဝလုံးရဲ့ဇနီး မပန်းအိမွန်ကို RFA အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။