နောက်စေ့ကို သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ ၁၃ နှစ်သား မောင်စိုင်းဝေယံ

2021.03.29

စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဦးခေါင်းနောက်စေ့ကို သေနတ်ကျည်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ ၁၃ နှစ်သား မောင်စိုင်းဝေယံရဲ့ နာရေးကို ဒီကနေ့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

မောင်စိုင်းဝေယံ (ခေါ်) ဝေယံထွန်းဟာ မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မီးရထားဝင်းထဲမှာ ပြေးလွှားကစားနေချိန် စစ်တပ်တွေ ရောက်လာတာမို့ အိမ်ပြန်ပြေးဖို့ ကြိုးစားနေတုန်းမှာပဲ ပစ်သတ်ခံခဲ့ရတာလို့ မိခင်ဖြစ်သူက သတင်းမီဒီယာတွေမှာ ပြောထားပါတယ်။

နောက်စေ့ထိမှန်ခဲ့တဲ့ မောင်စိုင်းဝေယံရဲ့ အလောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက သိမ်းယူသွားပြီးနောက်မှ သင်္ဂြိုဟ်ဖို့ ပြန်သွားယူခဲ့ရတယ်လို့ဆိုပါတယ်။

မောင်စိုင်းဝေယံဟာ ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းကနေ ဆဋ္ဌမတန်းအောင်မြင်ခဲ့ပြီး သတ္တမတန်း တက်ရောက်ဖို့ စောင့်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။