ကချင်ပြည်နယ် သစ်မှောင်ခိုဖမ်းဆီးမှု
2014.06.02
အခုနှစ်ဆန်းပိုင်းက ကချင်ပြည်နယ် ဗန်မော်ခရိုင်၊ မိုးမောက်မြို့နယ် ဂျာအင်ယန်ဒေသမှာ အစိုးရတပ် က နယ်မြေရှင်းလင်းချိန်မှာ တရားမဝင် သစ်တန်ချိန် ၃၇ဝဝ ကျော် ဖမ်းမိခဲ့ပါတယ်။ အဲဒီသစ်တွေကို လာမယ့် ဇွန်လ တတိယပတ်အတွင်း လေလံတင်ရောင်းချမယ်လို့ သိရပါတယ်။ RFAသတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။