တောင်ဒဂုံမှာ ဆက်တိုက်ပစ်ခတ်နေ၊ နှစ်ယောက်သေဆုံး

2021.03.29

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီနေ့ပစ်ခတ်ဖြိုခွဲနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့ တောင်ဒဂုံမှာပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးတယ်လို့ ကနဦး သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က သေနတ်၊ လက်ပစ်ဗုံးတွေအပြင် လက်နက်ကြီးတွေပါ သုံးစွဲပစ်ခတ်ပြီး ရပ်ကွက်လမ်းသွယ်တွေ၊ နေအိမ်တွေထဲထိ ပစ်ခတ်နေတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

လက်နက်ကြီးတွေပါ သုံးစွဲ ပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုတော့ RFA က မသိရသေးပါဘူး။

စစ်တပ်နဲ့ ရဲတွေ ရပ်ကွက်တွေထဲ မဝင်နိုင်အောင် ပိတ်ဆို့ကာရံထားတဲ့ အတားအဆီးတွေမှာ စောင့်နေကြတဲ့ ပြည်သူ့လုံခြုံရေး လူငယ်အဖွဲ့တွေ ပစ်ခတ်ခံနေရတာလို့ ဆိုပါတယ်။

လက်ရှိ ညနေ ၆ နာရီအထိ ပစ်ခတ်နေပြီး၊ ဒဏ်ရာရတဲ့သူ အများအပြားရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ကလည်း တောင်ဒဂုံမှာ ပစ်ခတ်မှုကြောင့် သုံးယောက်သေဆုံးခဲ့ပါတယ်။

RFA ကကောက်ယူထားတဲ့ စာရင်းအရ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ရဲရဲ့ ဖမ်းဆီး ရိုက်နှက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ လေးရာကျော် ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။