သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-16
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဦးထင်ကျော်ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်ပြီးတင်ပြပေးမှာပါ။
2016-03-15
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ NLD ပါတီက ဦးထင်ကျော်၊ ဦးဟင်နီရီဗန်ထီးယူနဲ့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ကို ဒုတိယ သမ္မတတွေအဖြစ် အတည်ပြုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာ လိုက်ပါတယ်။
2016-03-15
နိုင်ငံတော်သမ္မတ ရွေးချယ်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အခြေခံလူတန်းစားတွေ ကြားထဲမှာ စိတ်ဝင်စားမှု နည်းနေတာကို တွေ့ရပါတယ်။
2016-03-15
ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုရဲရင့်ပိုင်မှူး ကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးရာမှာ ပုဒ်မ ၁၈ ကို အယုံအကြည် မရှိကြောင်း တရားခွင်အတွင်း ဝင်ရောက်အစစ်အဆေး မခံပဲ ဆန္ဒပြခဲ့ပါတယ်။
2016-03-14
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ဟာ "မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့" အဖြစ် သတ်မှတ်ထားတဲ့ ရန်ကုန်-စက်မှုတက္ကသိုလ် RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့တဲ့ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။
2016-03-14
ဒီကနေ့ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့" အခမ်းအနားကို မေခနဲ့မလိခ ပေါင်းဆုံတဲ့ ဧရာဝတီမြစ်ဆုံမှာ ဒေသခံတွေစုပေါင်းပြီး ကျင်းပခဲ့ပါတယ်။
2016-03-11
အစိုးရသစ် ဒုတိယသမ္မတလောင်းအဖြစ် အမျိးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုထားတဲ့ ဦးထင်ကျော် ကို ပြည်သူ့လွှတ်တော် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတ အဖြစ် ရွေး ချယ် တင်မြှောက်လိုက်ပါတယ်။
2016-03-11
အစိုးရသစ် ဒုတိယသမ္မတလောင်းအဖြစ် အမျိးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုထားတဲ့ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်-၃ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူကို အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်တွေက ဒုတိယသမ္မတအဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။
2016-03-11
အခုရက်ပိုင်းအတွင်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတထောင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2016-03-11
အပတ်စဉ်သောကြာနေ့တိုင်း RFA ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ တင်ဆက်နေတဲ့ မှတ်မှတ်သားသားစကားများအစီအစဉ်ပါ။ ဒီတပတ်မှာ သမ္မတလောင်းရွေးခြယ်တင်မြောက်မှုတွေအကြာင်း ပြောကြားချက်တချို့ကို ကောက်နှုတ်တင်ပြထားပါတယ်။
2016-03-10
ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ အရက်ချက်စက်ရုံကနေ ရေဆိုးမြောင်းထဲ စွန့်ပစ်လိုက်တဲ့ ကဇော်ဖတ်တွေကို ငါးကန်တွေမှာ ပြန်ရောင်းဖို့အတွက် အနီးအနားမှာ နေထိုင်ကြတဲ့ မိသားစုတွေက ဆယ်ယူရောင်းချနေကြပါတယ်။
2016-03-10
မန္တလေးတိုင်း တံတားဦးမြို့နယ်ထဲက ဧရာဝတီ မြစ်ရိုးတဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ အခုတလော အုပ်စုဖွဲ့လုယက်မှုတွေ များလာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2016-03-10
ပြီးခဲ့တဲ့နှစ်က ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း အင်အားသုံး ဖြိုခွဲခံခဲ့ရတဲ့ တစ်နှစ်ပြည့်အခမ်းအနားကို လက်ပံတန်းမြို့ အောင်မြေ ဗိမာန်ကျောင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2016-03-10
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း အင်အားသုံး ဖြိုခွဲခံခဲ့ရတဲ့ တနှစ်ပြည့်အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာလည်း ကျင်းပခဲ့ပါတယ်။