သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-26
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆာင်သုံးဦးဟာ မနေ့က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-11-26
၁၉၉ဝ ရွေးကောက်ပွဲမှာ "မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့" အမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မွန်ဒီမိုကရေစီပါတီ MDP ရဲ့ ပါတီဖွဲ့စည်းခြင်း ၂၅ နှစ်မြောက် အခမ်းအနားကို မော်လမြိုင်မြို့မှာ နိုဝင်ဘာလ ၂၃ ရက်၊ စနေနေ့က ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2013-11-26
မနက်ဖြန် ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NCCT အဖွဲ့ဝင်၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ချင်းမိုင်မြို့နေအိမ်မှာ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။
2013-11-26
ဂျာမဏီနိုင်ငံက ဆရာဝန်တွေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာရောက်ပြီး မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို နိုဝင်ဘာလ ၂၄ ရက်နေ့က စပြီး အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-11-26
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့ပြီးနောက် ပြန်လည်ရောက်ရှိလာတဲ့ ပြည်တွင်း နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင်တွေဟာ ဒီနေ့မနက်ပိုင်းက အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအလုပ်အဖွဲ့နဲ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံခဲ့ပါတယ်။RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-11-23
အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်းရဲ့ ဟော်နန်းဟာ ခေတ်အဆက်ဆက် ပြင်ဆင်မှု မရှိသလောက် ဖြစ်ခဲ့တဲ့အတွက် အခုဆိုရင် ပျက်စီးစပြုနေပါပြီ။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-11-23
"ကလေးသူငယ် အခွင့်အရေးများနေ့နဲ့ ကလေးများ တွေ့ဆုံပွဲ" ကို နေပြည်တော်မှာ နိုဝင်ဘာလ ၂ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မသင်းသီရိ က တင်ပြထားပါတယ်။
2013-11-23
အခု တင်ပြမှာကတော့ အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ပဲ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-11-23
စက်မှုဇုန် အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့၊ ရန်ကုန်တိုင်း အထည်ချုပ်စက်ရုံတွေက အလုပ်သမား ကိုယ်စားလှယ်တွေ၊ အလုပ်ရှင် ကိုယ်စားလှယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အကြောင်းစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-11-23
မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီ ပေါင်းစည်းရေးအတွက် မွန်သံဃာတော်တွေ၊ နှစ်ဘက်ပါတီ ခေါင်းဆောင်တွေ မော်လမြိုင်မြို့မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-11-22
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် " ရွေးကောက်ပွဲ စနစ်များဆိုင်ရာ ဖောင်ဒေးရှင်း (IFES) တို့ ပူးပေါင်းရေးဆွဲထားတဲ့ "၂၀၁၅ မြန်မာရွေးကောက်ပွဲ မဟာဗျူဟာ စီမံချက် " နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေဆုံဆွေးနွေးခဲ့ပါတယ်၊ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-11-22
ပျဉ်းမနားမြို့ စဉ်းအိုးဘိုရပ်ကွက်မှာ စဉ့်အိုးလုပ်ငန်းကို တနိုင်တပိုင်စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်လာခဲ့ကြတာ နှစ်ပေါင်းတစ်ရာကျော် ရှိနေပြီ ဖြစ်ပါတယ်၊ ရိုးရာ လက်မှုပညာတစ်ခုဖြစ်တဲ့ ပျဉ်းမနားမြို့က စဉ့်အိုးလုပ်ငန်းအကြောင်းကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-11-22
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒါဏ်တလ အမိန့်ချမှတ်လိုက်ပါတယ်၊ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်၊
2013-11-22
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလလကုန်ပိုင်းကစပြီး အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် ဗန်မော်ခရိုင် မန်စီမြို့နယ်၊ စီခမ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေကြပါတယ်၊ ဒီဒုက္ခသည်တွေရဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2013-11-21
ကွယ်လွန်သူ ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့က အမရပူရမြို့မှာရှိတဲ့ တောင်လေးလုံးကျောင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။