သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-02-01
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ စုပေါင်းပြီး ပင်လယ်ရေ တိုက်စားမှုကို အကာအကွယ် ပေးနိုင်မယ့် ဒီရေတောပင်တွေ စိုက်ပျိုးခဲ့ကြ ပါတယ်။
2016-02-01
ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် အပါအဝင် သတင်းထောက် ၄ ဦးကို ပြန်လွှတ်ပေးဖို့အတွက် ဇန်နဝါရီလ ၃၁ ရက်- မနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လက်ကမ်းစာစောင်တွေ ဝေခဲ့ကြပါတယ်။
2016-01-29
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နောက် ဆုံးနေ့မှာ လွှတ်တော်သက်တမ်းအတွင်း အတွေ့ အကြုံတွေကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ကိုယ်စားလှယ်တချို့က ပြောခဲ့ကြ ပါတယ်။
2016-01-29
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ လွှတ်တော်နောက်ဆုံးနေ့အစည်းအဝေး အပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေ့လည်စာ စားပြီးနောက်၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-01-29
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နှုတ်ဆက်စကားပြောရာမှာ လွှတ်တော်ရဲ့အားနည်းချက် အားသာချက်တွေကို ရှင်းပြခဲ့ပါတယ်။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ထူးခြားချက်တွေကို ဟာသနှောပြီး ပြောခဲ့ပါတယ်။
2016-01-29
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ညောင်နီကျေးရွာက နေအိမ် ၂၈ လုံးကို ကျူးကျော်နေထိုင်တယ် ဆိုပြီး အမှတ်-၉၅၈ ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ခွဲက ဇန်နဝါရီလ ၂၈ ရက် မနေ့က နှင်ထုတ်လိုက်ပြီး သံဆူးကြိုး ကာလိုက်တဲ့အတွက် ရွာသားတွေ နေစရာမရှိ ဖြစ်နေကြပါတယ်။
2016-01-29
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-01-29
လားရှိုးမြို့နယ် စည်ပင်သာယာဌာန လက်အောက်က လုပ်ငန်းတွေကို လေလံစနစ်နဲ့ ရောင်းချရာမှာ ကြမ်းခင်းဈေးတွေ တက်လာနေတာကြောင့် လေလံအပြိုင်ဆွဲဖို့ စိတ်ဝင်စားသူ နည်းလာနေတယ်လို့ သိရပါတယ်။
2016-01-29
လာမယ့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းမစခင်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ပွဲကို မကွေးတိုင်း အတွင်းမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပြုလုပ်ခဲ့ကြပါတယ်။
2016-01-29
စစ်တပ်ပိုင်- ဦးပိုင်ကုမ္ပဏီမြေကို ကျူးကျော်တယ်ဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်- မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုက ရွာသုံးရွာကို ၈၈ မျိုးဆက်အဖွဲ့က အဝတ်အထည်တွေ၊ ကျောင်းသုံးစာအုပ်တွေ၊ ကလေးအရုပ်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။
2016-01-29
ဇန်နဝါရီလ ၂၈ ရက်နေ့ ဒီကနေ့ဟာ လက်ရှိ ပထမအကြိမ် လွှတ်တော်တွေရဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။
2016-01-29
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေအတွက် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းမယ့်သူတွေကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။
2016-01-29
သမ္မတဦးသိန်းစိန်ဟာ လက်ရှိအစိုးရ ၅ နှစ်သက်တမ်းအတွင်း ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
2016-01-28
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တက်ကြမယ့် ကိုယ်စားလှယ်အသစ်တွေဟာ ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်လေ့ လာခဲ့ကြပါတယ်။
2016-01-28
သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဝန်းရံသူတွေဟာ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု မရကြဘူးလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- ဗကသနဲ့ အဖွဲ့အစည်း ၂ ခုက စာတမ်းတစောင် ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။