သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-21
နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ လွှတ်တော်အသစ်တက်မယ့် ကိုယ်စားလှယ်တွေ နေထိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုတွေကို လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။
2016-01-21
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ရှေ့နေများအသင်း တရားဝင်ဖွဲ့စည်းဖို့အတွက် နေပြည်တော် Kempinski ဟိုတယ်မှာ ငါးရက်ကြာ ဆွေးနွေးနေ ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က ကျင်းပတဲ့ ဖွင့်ပွဲအခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ခဲ့ပါတယ်။
2016-01-21
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ သပိတ်မှောက် ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်- အထက်မြန်မာပြည် ဗကသ ကျောင်းသားတွေ ဦးဆောင်ပြီး မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-01-21
လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်နယ် လွှတ်တော်နဲ့ ပတ်သက်တဲ့ အားနည်းချက် အားသာချက်တွေကို စစ်တွေမြို့က စစ်တွေ ဟိုတယ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-21
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်မှာ ရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံက အလုပ်သမား ၂ ရာကျော်ဟာ လုပ်ခတလစာ အပြည့်မရတဲ့အတွက် ဆန္ဒပြနေကြရာမှာ အလုပ်ရှင်က ကျပ်သိန်း ၃၃ဝ ကျော် ပေးအပ်ခဲ့ပါတယ်။
2016-01-21
မကွေးလေဆိပ် လေယာဉ်ပြေးလမ်းအတွက် စစ်အစိုးရလက်ထက် ၂ဝဝ၁ ခုနှစ်ကတည်းက မြေယာသိမ်းဆည်းခံခဲ့ရတဲ့ ဒေသခံ တောင်သူတွေကို နစ်နာကြေးထုတ်ပေးရာမှာ ခေတ်ကာလပေါက်ဈေးနဲ့ မညီမျှတဲ့အတွက် တောင်သူတချို့က လျော်ကြေးလက်ခံဖို့ ငြင်းဆန်ထားပါတယ်။
2016-01-21
တွင်းထွက်နဲ့ သယံဇာတ လုပ်ငန်းတွေမှာ နိုင်ငံတကာ စံချိန်မီဖို့အတွက် အစိုးရက ကြိုးပမ်းနေတဲ့ EITI လုပ်ငန်းစဉ်တွေမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ MATA အဖွဲ့က ပူးပေါင်းလုပ်ဆောင်ရာမှာ ကုမ္ပဏီတွေဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး ပွင့်လင်းမြင်သာမှု မရှိဘူးလို့ MATA အဖွဲ့ဝင်တွေက ပြောပါတယ်။
2016-01-20
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ဟာ ဘာသာပေါင်းစုံက ခေါင်းဆောင်တချို့ အပါအဝင် လူငယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-01-20
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာမှာ အသတ်ခံခဲ့ရတဲ့ ကချင်ဆရာမလေး နှစ်ယောက် အတွက် တနှစ်ပြည့်အောက်မေ့ဘွယ်အခမ်းအနားနဲ့ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန် လမ်းမတော်မြို့နယ်က ကချင်နှစ်ခြင်းအဖွဲ့ချုပ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2016-01-20
ကယားပြည်နယ် လွိုင်ကော်မြို့အနီးက လောပိတ ရေအားလျှပ်စစ်စက်ရုံ ကနေ ပြည်မကို လျှပ်စစ်ဓာတ်အားပို့လွှတ်တဲ့ တာဝါတိုင်တွေအောက် မှာ မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ဒေသခံတွေအတွက် အန္တရာယ်ရှိနေပါတယ်။
2016-01-20
၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနဲ့ အခြေခံသဘောတရားတွေ၊ စီမံကိန်းလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ က တောင်းခံထားတဲ့ ဘတ်ဂျက်တွေထဲက ကျပ်ဘီလီယံ ၆ ရာကျော်ကို ဖြတ်တောက် ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့က အတည်ပြု လိုက်ပါတယ်။
2016-01-20
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ခေးခမ်းကျေးရွာမှာ အမှတ်-၇ဝဝ၅ သံချပ်ကာတပ်ရင်းက သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်လည်ရရှိဖို့ အတွက် ဒေသခံရွာသားတွေက ဇန်နဝါရီလ ၁၈ ရက်- မနေ့က လားရှိုးမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-01-19
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့နဲ့ နေပြည်တော်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-01-19
မြန်မာစာပေအကြောင်း ဆွေးနွေးပွဲတွေ အပါအဝင် သုတ၊ ရသ၊ ကာတွန်း... စတဲ့ စာအုပ်မျိုးစုံ ရောင်းချတဲ့ "နိုဘယ်မြန်မာ စာပေပွဲတော်" ကို ရန်ကုန် စမ်းချောင်းမြို့နယ်က Myanmar Event Park မှာ သုံးရက်ကြာ ကျင်းပ ခဲ့ပါတယ်။
2016-01-19
တရုတ်-မြန်မာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှု မရှိတဲ့အပြင်၊ ဒေသခံပြည်သူတွေ အတွက် မြေယာလျော်ကြေးပေးတဲ့ နေရာမှာလည်း အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်လို့ ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီက အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။