သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-11
နာရေးကူညီမှုအသင်း-ရန်ကုန်ရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်၊ နာရေးကူညီမှုအသင်း ရုံးချုပ်မှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-01-11
လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံရမှု ဆယ်လပြည့်အထိမ်းအမှတ် ရန်ပုံငွေပန်းချီပြပွဲကို ရန်ကုန်-ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်မှာရှိတဲ့ River Ayeyarwaddy ပန်းချီပြခန်းမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တပတ်ကြာ ပြသနေပါတယ်။
2016-01-08
မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းက ကျေးရွာအတော် များများကို ပြည်ခိုင်ဖြိုးရွာတွေအဖြစ် အမည်ပေးထား တာတွေကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ် တာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြန်လည်ဖြုတ် သိမ်းနေပါတယ်။
2016-01-08
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-01-08
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား စစ်ရေးပဋိပက္ခ မဖြစ်အောင် စောင့်ကြည့်နိုင်ဖို့အတွက် ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-08
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်-၄ မှာရှိတဲ့ Myanmar Unique အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ကျွမ်းကျင်ကြေးနဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေရဖို့ တောင်းဆိုခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ခေါင်းဆောင်နှစ်ဦး အလုပ်ပြန်လုပ်ခွင့်ရဖို့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြရာမှာ ပြေလည်မှု ရခဲ့ပါတယ်။
2016-01-08
ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ပြောင်းစိုက်တောင်သူတွေဆီ လာကောက် တဲ့ ပြောင်းဈေးနှုန်းနဲ့ ကုန်စည်ဒိုင်ပေါက်ဈေး ကွာဟနေတဲ့အပြင် ပြောင်းဖူးခင်းကို ကြွက်ဖျက် တာတွေ ရှိခဲ့တဲ့အတွက် ဒီနှစ်မှာ တောင်သူတွေ အရှုံးပေါ်နေပါတယ်။
2016-01-08
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် Arakan Army အကြားတိုက်ပွဲတွေကြောင့် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ ကျေးရွာစွန့်ခွာပြီး ထွက်ပြေး ကြတဲ့ ဒုက္ခသည်တွေ များလာနေပါတယ်။
2016-01-08
ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ရန်ကုန်မြို့ ပြည်လမ်းက Novotel Hotel မှာ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။
2016-01-08
မန္တလေးတိုင်းဒေသကြီး မန္တလေးနဲ့ ပြင်ဦးလွင်ကိုသွားတဲ့ ဖြတ်လမ်းအသစ်ဖောက်လုပ်နေမှု ကို ဒေသခံပြည်သူတွေက တားမြစ်လိုက်တဲ့အတွက် စီမံကိန်းကို ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
2016-01-08
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချူပ်စက်ရုံ အလုပ်သမား ၂ ရာကျော်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုနင်ဘာလအတွက် လုပ်ခလစာ မရတဲ့အတွက် ဒီကနေ့ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ ကျိုက္ကစံဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2016-01-07
ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်-ခေါ် "သက္ကမ" မျိုးနွယ်စုတွေရဲ့ ၅ ကြိမ်မြောက် အမျိုးသားနေ့ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ရှင်တော်ကျေးရွာ မှာ ဇန်နဝါရီလ ၇ ရက်နေ့ ကျင်းပပါတယ်။
2016-01-07
ဇန်နဝါရီလ ၈ ရက်နေ့ စတင်ကျင်းပမယ့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ပြဿနာတွေ ကို ဖြေရှင်းမယ့် နှစ်နိုင်ငံအစည်းအဝေးအတွက် အသေးစိတ်ဆွေးနွေးပွဲကို ရန်ကုန် ရန်ကင်းမြို့နယ် မှာရှိတဲ့ အလုပ်သမားသင်တန်းကျောင်းမှာ ဇန်နဝါရီလ ၇ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-01-07
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းက နမ့်ပေါင်တိုက်နယ် ကျေးရွာတချို့မှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် မန်လုန်းကျေးရွာက ဒေသခံ တစ်ရာကျော် တောတောင်တွေထဲမှာ ပုန်းအောင်းနေကြပါတယ်။
2016-01-06
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်-၄ မှာ ရှိတဲ့ "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံ အလုပ် သမား ၂ ရာကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်အဝ မရတာကြောင့် ဆန္ဒပြနေ တာ တလနီးပါး ကြာခဲ့ပေမယ့် အလုပ်ရှင်ဘက်က ဒီကနေ့အထိ မပေးသေးတဲ့အတွက် ဆက်ပြီး ဆန္ဒပြနေကြပါတယ်။