သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-06
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်အသစ်တွေနဲ့ ဖွဲ့စည်းမယ့် လွှတ်တော်အသစ်တွေ ကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပမယ့်အကြောင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ဒီနေ့ ကြေညာလိုက်ပါတယ်။
2016-01-06
မြန်မာတစ်နိုင်ငံလုံးက ရပ်ကွက် ကျေးရွာတွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ်တွေ ရွေးချယ်ဖို့ အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်လောက်ကစပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ရွေးချယ်ပွဲတွေကို ဦးဆောင်ကျင်းပနေ ပါတယ်။
2016-01-06
ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မိုင်းရှူးကားလမ်းပေါ်က ပျက်စီးနေတဲ့ "နားလီ" တံတား ပြုပြင်နေတာ တလနီးပါး ရှိပြီဖြစ်ပြီး၊ လက်ရှိ ဆောက်ပေးထားတဲ့ ယာယီတံတားဟာလည်း ခိုင်ခံ့မှုအားနည်းတဲ့အတွက် ကားတွေသွားလာဖို့ အခက်အခဲ တွေ့နေပါတယ်။
2016-01-06
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း မိုးစပါးတွေ ရိတ်သိမ်းရာမှာ လူအင်အားသုံးပြီး လက်နဲ့ ရိတ်သိမ်းရာကနေ စပါးရိတ်စက်တွေကို ငှားရမ်းအသုံးပြု လာနေကြပြီ ဖြစ်ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
2016-01-05
မန္တလေးတိုင်း မြင်းခြံမြို့မှာရှိတဲ့ ဘုန်းတော်ကြီးသင်ကျောင်းက ကလေးငယ်တွေ ဖန်တီးထားတဲ့ စွန့်ပစ်ပစ္စည်းသုံး ပန်းချီကားတွေကို ရန်ကုန်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ကိုစန်းဇော်ထွေးရဲ့ နေအိမ်မှာ ပြသနေပါတယ်။
2016-01-05
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်မှာ ရှိတဲ့ "နတ်မတောင်" လို့ လူသိများ တဲ့ ခေါ်နုသုမ်- ခေါ်- ဝိတိုရိယတောင်ဟာ ချင်းတောင်တန်းနဲ့ ဆက်လျက်တည်ရှိနေ တဲ့တောင် ဖြစ်ပါတယ်။
2016-01-05
အခုရက်ပိုင်းအတွင်း ခရမ်းချဉ်သီး ဈေးကျနေတာကြောင့် ခရမ်းချဉ်စိုက်တဲ့ တောင်သူတွေ အရှုံးပေါ်နေပါတယ်။
2016-01-05
မကွေးတိုင်းအတွင်း ဆက်သွယ်ရေးကွန်ယက် ဖိုက်ဘာဆက်ကြောင်းတွေ သွယ်တန်းရာမှာ မင်းဘူး-စကုမြို့နယ်က ဒေသခံလယ်သမားတွေရဲ့ စိုက်ပျိုးမြေတွေကို ဖြတ်ပြီး တူးဖော်ခဲ့တဲ့အတွက် လယ်သမားတွေက နစ်နာကြေး တောင်းဆိုနေကြပါတယ်။
2016-01-05
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ပြောင်ဖူးကုန်စည်ဒိုင်မှာ လုပ်ခတိုးမြှင့်ပေးဖို့နဲ့၊ အချိန်ကျော်လွန်ပြီး အလုပ်မခိုင်းဖို့အတွက် ဆန္ဒပြနေတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေကို ကုန်စည်ဒိုင်အသင်းနဲ့ ပွဲရုံလုပ်ငန်းရှင်တွေက ဒီဇင်ဘာလ ၅ရက်နေ့က ညှိနှိုင်းခဲ့ပါတယ်။
2016-01-05
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အစိုးရတပ် ခလရ ၃၂၄ နဲ့ "ပန်ဆေး" ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဒေသခံတွေကို အကြမ်းဖက်နှိပ်စက်ခဲ့တယ်လို့ တအာန်း အမျိုးသမီးအဖွဲ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုလိုက်ပါတယ်။
2016-01-05
ဇန်နဝါရီလ ၄ ရက်- ဒီကနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနား ကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပခဲ့ပါတယ်။
2016-01-05
ဒီနေ့ ကျရောက်တဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့က NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
2016-01-05
ဇန်နဝါရီလ ၃ ရက်၊ လွတ်လပ်ရေးနေ့ အကြိုညက မကွေးမြို့က တက္ကသိုလ်ကျောင်းသား လူငယ် တချို့ စုပေါင်းပြီး အိုးအိမ်မဲ့ ဆင်းရဲနွမ်းပါး သူတွေကို ခြုံစောင်တွေနဲ့ အစားအသောက်တွေ လိုက်လံ ဝေငှခဲ့ကြပါတယ်။
2016-01-05
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ် ခံထားရ တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို လွှတ်ပေးဖို့ စစ်တွေမြို့နဲ့ ရန်ကုန်မြို့တွေ မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2016-01-05
အစိုးရနဲ့ SSPP/SSA အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်းမှာ နယ်မြေအေးချမ်းနေပြီမို့ မိုင်းရှူးမြို့နယ်က "ဟိုက်ပါ" စစ်ဘေး ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေ နေရပ်ပြန်ကြဖို့ အရှေ့အလယ်ပိုင်း တိုင်းမှူးက ဒုက္ခသည်စခန်းကို သွားရောက် ပြောကြားခဲ့ပါတယ်။