သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-16
နေပြည်တော်မှာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အီးယူ - မြန်မာ အထူးအလုပ်အဖွဲ့ ဆွေးနွေးပွဲအပြီး ညနေပိုင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။ ညနေပိုင်းမှာ အီးယူအဖွဲ့ ဒုတိယဥက္ကဋ္ဌ Catherine Ashton နဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းတို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထား ပါတယ်။
2013-11-16
ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အရေးကြီးတဲ့အချက်ဟာ စိန်ခေါ်မှု အခက်အခဲတွေကြုံရတိုင်း "မဖြစ်နိုင်ပါဘူး" ဆိုပြီး ဘယ်တော့မှ လက်လျှော့အရှုံးမပေးလိုက်ဖို့ပဲ ဖြစ်ပါတယ်လို့ ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာကျင်းပတဲ့ ဟောပြောပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောကြားလိုက်ပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။
2013-11-16
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာချိန်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-11-15
တနင်္သာရီတိုင်း၊ ထားဝယ် ရေနက်ဆိမ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် ဧရိယာအတွင်းမှာ ပါဝင်နေတဲ့ စိုက်ပျိုးမြေတွေကို မြေယာမှတ်ပုံတင် လုပ်မပေးသေးတဲ့အတွက် မူလပိုင်ရှင်ဖြစ်တဲ့ ဒေသခံလယ်သမားတွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-11-15
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေမှာ EU ဥရောပသမဂ္ဂအဖွဲ့အနေနဲ့ အကူအညီပေးဖို့နဲ့ မြန်မာနိုင်ငံမှာ EU အဖွဲ့ဝင်နိုင်ငံတွေက ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံရေးအတွက် အီးယူ-မြန်မာဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်မှာ ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-11-15
အမေရိကန်သမ္မတဟောင်း Bill Clinton ဟာ ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး "ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ မတူကွဲပြားတဲ့ လူမျိုးစုများ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-11-15
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နေပြည်တော် လွှတ်တော်ကို လာရောက်လေ့လာတဲ့ NLD ပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-11-14
အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီပြည်နယ်အခြေစိုက် Aloha Medical Mission လို့ ခေါ်တဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဟာ ရှမ်းပြည်တာင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းက ဒေသခံတွေကို အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-11-14
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဗန်းမော်ခရိုင်ထဲက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ဆောင်းရာသီ ရောက်လာတဲ့အတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2013-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတာ အခုဆိုရင် သုံးနှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသုံးနှစ်တာကာလအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေ ဘယ်လောက်အထိ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင်က စုစည်းတင်ပြထားပါတယ်။
2013-11-14
နိုင်ငံတဝှမ်းမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ စိုက်ပျိုးမြေတချို့ကို မူလပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်နေတဲ့အချိန်မှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အခြေစိုက် အမြောက်တပ်က သိမ်းဆည်းထားတဲ့ မြေတွေကို ပြန်မပေးဘဲ မူလပိုင်ရှင်တွေကို သီးစားပြန်ချထားတယ်လို့ သိရပါတယ်။ အကြောင်းစုံကို RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-11-13
ပြီးခဲ့တဲ့ လိုင်ဇာညီလာခံနဲ့ မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့ ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ကယားပြည်နယ်တွင်းမှာ ပြန်လည်ရှင်းပြခဲ့ပါတယ်။ KNPP ရဲ့ သဘောထားနဲ့၊ ကယားပြည်နယ်အတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ဦးဘအောင်က စုစည်းတင်ပြထားပါတယ်။
2013-11-13
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ အခုနှစ်မိုးရာသီအတွင်း နမ္မတူမြစ်ရေ လျှံတက်ခဲ့တဲ့အတွက် လယ်ဧကထောင်နဲ့ချီပြီး ရေနစ်မြုပ်ခဲ့ပါတယ်။ နမ္မတူမြစ်ကြောင်းတလျှောက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များလာတဲ့အတွက် အခုလို ရေကြီးတာတွေ ဖြစ်လာနေတာလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-11-13
မကွေးတိုင်း ငဖဲမြို့နယ်ကို ဖြတ်သန်းသွားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရာမှာပါဝင်တဲ့ အိန္ဒိယကုမ္ပဏီက စွန့်ပစ်တဲ့ အညစ်အကြေးတွေဟာ ဒေသခံတွေ အသုံးပြုနေတဲ့ ချောင်းတွေထဲကို စီးဝင်နေတဲ့အတွက် ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်နေပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-11-13
ဒီနှစ်မှာကျရောက်တဲ့ ၅၈ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ ခါတိုင်းနှစ်တွေလို မဟုတ်ဘဲ ကရင်ရိုးရာ ဒုံးယိမ်းပြိုင်ပွဲဝင်အသင်းတွေ နည်းပါးလာနေပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့က ဒေသခံတွေကို မေးမြန်းပြီး RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။